အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး  Talk  Show  ကို ယမန်နေ့နံနက် (၁၁)နာရီက ပုလောမြို့နယ် (Community Centre) တွင် ကျင်းပခဲ့သည်။
Jan 13,2022
မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း ရောဂါ အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းကမြို့ပေါ် ရပ်ကွက်များအတွင်းရှိ လူစည်ကားရာနေရာများ၌ အသိပညာပေး လှည့်လည်နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
Jan 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက်ရှိသူများကို ယနေ့ နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်းကျောင်းတိုက် ဓမ္မာရုံ နှင့် ဆမားဒူးဝါးရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Jan 13,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ပညာသင်ယူလျက်ရှိသည့် မူလတန်း ကျောင်းသား၊ ကျောင်းသူကလေး ငယ်များအား ငယ်စဉ်ကတည်းမှစ၍ ကျောင်းစာအပြင်အခြားဗဟု သုတစာပေများ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယမန်‌နေ့ နေ့လည်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ခနောင်တိုအရှေ့ ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက် များတွင် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Jan 13,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ယမန်နေ့က နေ့လယ် ၁၂ နာရီတွင် ကျောင်းသား၊ ကျောင်းသူများအား အထွေထွေဗဟုသုတများ ရရှိစေရေးအတွက် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များ ပြသဆောင်ရွက်ခဲ့သည်။
Jan 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ မလိကျေးရွာအုပ်စု ဇရပ်ဆိပ်ကျေးရွာ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း၌ မလိကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေး အန္တရာယ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။