နမ္မတူတွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ ၁၉၂ ဦးအား ဒုတိယအကြိမ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေး

နမ္မတူ      ဇန်နဝါရီ     ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်()အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည် ခန်းမ၌ ကာကွယ်ဆေးဖြင့်လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်ပိုင်း၌ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူ ၁၉၂ဦးအား ဒုတိယအကြိမ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံထားသည့် အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ ၁၉၂ဦးအား ယခုဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နမ္မတူမြို့နယ်တွင် အကြိမ်ပြည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူ ၁၀၉၄ဦးရှိပြီး ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား/ကျောင်းသူများအားလည်း ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ် ပညာရေးမှူး ဦးလင်းအောင်ထံက သိရသည်။

လူမော်