ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က COVISHIELDနှစ်ကြိမ်ထိုးနှံပြီးသော နိုင်ငံ့ဝန်ထမ်း များနှင့်အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများအား Booster Dose ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက COVISHIELDနှစ်ကြိမ်ထိုးနှံပြီး သောနိုင်ငံ့ဝန် ထမ်းများနှင့် အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများအား Booster Dose ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံနိုင်ရေးအတွက် ယခုလို လုပ်ငန်းညှိနှိုင်းအစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း၊ စာရင်းဇယားများ မှန်ကန်စွာပြုစုနိုင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊စာသင် ကျောင်းများတွင် ကိုဗစ်-၁၉စည်းမျဉ်းစည်းကမ်းများနှင့်အညီ စာသင်ကြားနိုင်ရေးအတွက် အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်သူများ ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီရောင်း ဝယ်နိုင်ရေး အထူးကြပ်မတ်ရန်လိုအပ်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး အစည်းအဝေးသို့တက်ရောက်လာသူများမှ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် ကဏ္ဍအလိုက်အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)