မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်၏ စိန်ရတုဝိဇာတ မွေးနေ့ကျင်းပ

မိုင်းယောင်း ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သော၏ သက်တော် ၇၅ နှစ် စိန်ရတုဝိဇာတမွေးနေ့ကို ဇန်နဝါရီ ၁၃ ရက်က အမှတ်(၄)ရပ်ကွက်ရှိ ယင်းစာသင်တိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သိက္ခာတော် ၅၅ ဝါရှိ ဆရာတော်၏ စိန်ရတုဝိဇာတမွေးနေ့ပွဲတွင် သံဃာတော်များအား ဆွမ်းကြီးလောင်းလှူခြင်း၊ စာသင်တိုက်ရှိ သာသနာ့ဗိမ္မာန်တော်အတွင်း ကိန်းဝပ်စံပယ်သော ဗုဒ္ဓမြတ်စွာဘုရား၏ ငွေထီးတော်ပူဇော်လှူဒါန်းခြင်းတို့ကိုလည်း ရေစက်ချလှူဒါန်းခဲ့ကြောင်း မြို့နယ်သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။

စိုင်းအောင်ဇော်လင်း