ရေးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး လှည့်လည်နှိုးဆော်

 

ရေး     ဇန်နဝါရီ  ၁၃

မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း ရောဂါ အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ   ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းကမြို့ပေါ် ရပ်ကွက်များအတွင်းရှိ လူစည်ကားရာနေရာများ၌  အသိပညာပေး လှည့်လည်နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပေးနှိုးဆော်ရာ၌  ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲဒယ်လ်တာထက် ကူးစက်ပျံ့နှံ့မှုနှုန်း နှစ်ဆခန့်ပိုမိုမြန်ဆန်ခြင်းကြောင့် ရောဂါကူးစက် မခံရရေးအတွက် သတိပြု နေထိုင်ကြရမည် ဖြစ်သော်လည်း အလွန်အမင်းစိုးရိမ် ကြောင့်ကြခြင်းမပြုကြရန်၊  ဒေသခံပြည်သူများနေဖြင့် မိမိတို့မြို့ရွာအတွင်း  ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် ပူးပေါင်းကာကွယ်ကြရန် ကိုဗစ်-၁၉ကာကွယ်ဆေးအား  အကြိမ်အပြည့်အဝ  ထိုးနှံထားကြရန်၊ ကာကွယ်ဆေးမထိုးရသေးသူများမှလည်း သွားရောက် ထိုးနှံကြရန်၊ ပြည်သူများအနေ ဖြင့် ရိုးရှင်းလွယ်ကူသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအတိုင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ ချောင်းဆိုး/နှာချေလျှင် တစ်ရှူး(သို့မဟုတ်)တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ခြင်း၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ကြာအောင် စနစ်တကျဆေးကြောရန် နှင့် ဖျားနာခြင်းများဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေး ဆေးခန်းများသို့ အမြန်ဆုံးသွားရောက် ပြသခြင်းများဖြင့် ကိုဗစ်ရောဂါပိုးကူးစက် ပြန့်ပွားမှု လျော့နည်းကျဆင်းရေးအတွက်  ပြည်သူတစ်ရပ်လုံးက   ပူးပေါင်းပါဝင် တိုက်ထုတ်ကြရန် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

ခင်သိမ့်သိမ့်ရည်၊ ပြန်/ဆက်