ပုလောမြို့နယ် မလိကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ပုလော   ဒီဇင်ဘာ  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ မလိကျေးရွာအုပ်စု ဇရပ်ဆိပ်ကျေးရွာ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း၌ မလိကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာ အမှတ် (၄၈) မလိရေတပ် အခြေစိုက်စခန်းမှ တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီပံ့ပိုးပေးကြကြောင်းနှင့်  ပုလောမြို့နယ် လဝကဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၂၆)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင် ၆(က)(၈၇)ဦး၊ လဲလှယ် (၄၈) ဦး၊ မိတ္တူ(၄၄)ဦး၊ စုစုပေါင်း (၂၀၅)ဦးအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ပေးရာတွင် မြို့နယ်လဝကဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုဦးက ပန်းခင်းစီမံချက်ဆိုင်ရာအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ လက်ကမ်းစာစောင်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော)