Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စုအတွင်း”ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Jan 13,2022
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကျေးလက်နေပြည်သူများ လက်ဝယ်ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ(လဝက)မှူး ဦးတင့်နိုင်နှင့် ဝန်ထမ်း(၇)ဦးတို့က သကျက်ကျေးရွာ အုပ်စု-ကျေးရွာခွဲ(၈) ရွာအတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူများအား တောင်ဘိန်း(၁)ရွာ စိန်မိုင်ကယ် ဘုရားရှိခိုးကျောင်း-စိန်ဂျူးဓမ္မာရုံအတွင်း၌ယမန်နေ့မှစ၍ ကွင်းဆင်းပြုလုပ်ပေးကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီက ထမင်းမစား ကျေးရွာတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူတွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ ၁၉၂ ဦးအား ဒုတိယအကြိမ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေး
Jan 13,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည် ခန်းမ၌ ကာကွယ်ဆေးဖြင့်လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်ပိုင်း၌ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူ ၁၉၂ဦးအား ဒုတိယအကြိမ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်များပူးပေါင်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်
Jan 13,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း အဖွဲ့မှ ယမန်နေ့နံနက်၈နာရီက မင်းလှမြို့နယ်၊ တောင်ဦးကျေးရွာ၊ ထန်ကိုင်းကျေးရွာနှင့် ကုန်းကြီး ကျေးရွာတို့တွင် ကျေးရွာနေဒေသခံပြည် သူများနှင့်တွေ့ဆုံ၍ အသိပေး ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့တွင် သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လူတိုင်းပါ၀င် ဆောင်ရွက်ပေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 13,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင်းနံရံ ကပ်ပြဘုတ် တွင် ပြည်သူများအနေဖြင့် အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေး နံရံကပ် စာစောင်များကို
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ် ပိုင်ကျုံမြို့ ညာမရော-ဖားကပ် (၄) မိုင်လမ်းပေါ်တွင် Box Culvert (၅) ခု တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်
Jan 13,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ညာမရော-ဖားကပ် (၄) မိုင် လမ်းပေါ်တွင် Box Culvert (၅)ခု တည်ဆောက်ခြင်းလုပ်ငန်းကို နိုဝင်ဘာလ (၁၁) ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် (၅၀) ရာခိုင်နှုန်းခန့်ထိ ဆောင်ရွက် ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ပြုလုပ်
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့ ကျိုက်သလ္လံစေတီတော်မြတ်ကြီး စကျင်ကျောက်ပြားခင်းကျင်းနိုင်ရေး လုပ်အားဒါနကုသိုလ်ယူ
Jan 13,2022
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19102
Page
19103
Page
19104
Page
19105
Current page
19106
Page
19107
Page
19108
Page
19109
Page
19110
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department