ကျိုက်ဒုံ ဇန်နဝါရီ ၁၃
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ယမန်နေ့က နေ့လယ် ၁၂ နာရီတွင် ကျောင်းသား၊ ကျောင်းသူများအား အထွေထွေဗဟုသုတများ ရရှိစေရေးအတွက် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များ ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး သိမှတ်ဖွယ်ရာများတွင် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ပါဝင်ပတ်သက် သူများ၏ တုံ့ပြန်ချက်၊ ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ကလေးသူငယ် အလုပ်သမားသည် တရားမဝင်ပါ၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ ဘေးအန္တရာယ် ကျရောက်နေသော ကလေးအလုပ်သမားတို့၏ အကြောင်း အရာများနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေများစသည့် အသိပညာ ပေး နံရံကပ် စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)