အထက်မင်းလှ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက် စွာ အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း အဖွဲ့မှ ယမန်နေ့နံနက်၈နာရီက မင်းလှမြို့နယ်၊ တောင်ဦးကျေးရွာ၊ ထန်ကိုင်းကျေးရွာနှင့် ကုန်းကြီး ကျေးရွာတို့တွင် ကျေးရွာနေဒေသခံပြည် သူများနှင့်တွေ့ဆုံ၍ အသိပေး ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ် အတွင်းရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ဌာနဆိုင်ရာ များပူးပေါင်းအဖွဲ့က လာရောက်အသိပေးရှင်းလင်းဆွေးနွေး ခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့၏ ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေး၊ နယ်မြေ လုံခြုံရေး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို သတ်မှတ်ဆေးထိုးအကြိမ်ရေ ပြည့်စွာထိုးနှံကြရန်နှင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနိုင်ရေး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် ကြရန် ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးမြတ်သူနှင့် ဌာနဆိုင်များမှ ဌာနအလိုက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက် နေမှုများအား ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျေးရွာနေပြည်များမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)