အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ဒုတိယ) အကြိမ်ထိုးနှံရန်ကျန်ရှိနေပြီး ကာလသတ်မှတ်ချက်နှင့်အကျုံးဝင်သော (ဒုတိယ)အကြိမ်ထိုးနှံ ရန်ကျန်ရှိနေသူများအား ယမန်နေ့ နံနက် ၉ နာရီအချိန်မှ ညနေ ၃နာရီ၃၀အထိသက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဌာနဆရာ/မများက ထိုးနှံပေးကြကြောင်းသိရှိရသည်။
Jan 13,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆင်စလွယ်-ဥယျဉ် ကျေးရွာချင်းဆက် လမ်းပေါ်ရှိ ရတနာမဉ္ဇူ တံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Jan 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့်၁၈နှစ်အထက် ပထမအကြိမ်ထိုးရန်သူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၄)နေရာတွင်  ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင် ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က မြို့ပေါ်ရပ်ကွက်များနှင့်အနီးရှိ‌ ကျေးရွာများအတွင်း လှည့်လည်ကြေညာခဲ့ကြ သည်။
Jan 13,2022
စာပေချစ်မြတ်နိုးသူ ပြည်သူများအနေဖြင့် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်က ပုံပြော၊ ကဗျာရွတ်ဖတ်ခြင်းအစီအစဉ်ကို တင်ဆက်ပေးခဲ့ကြောင်း သိရ သည်။
Jan 13,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက်
Jan 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စု၊ ကွမ်းတောကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။