Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၂၀၀၀)ဧက အကျိုးပြုနေသည့် မြောင်းဦးကျေးရွာအနီးရှိ တမုတ်ရေမြောင်းရေကျအဆောက်အအုံအား ပြန်လည်ပြုပြင်
Jan 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ (၂၀၀၀)ဧက အကျိုးပြုနေသည့် မြောင်းဦးကျေးရွာအနီးရှိ တမုတ်ရေမြောင်း ရေကျအဆောက်အအုံ၏ ပျက်စီးနေသည့် အဝင်/အထွက် ကျောက်ဆလံများနှင့် ကြမ်းခင်း များအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်
Jan 13,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကုန်းကြီးကျေးရွာအုပ်စု အင်ကြင်းကုန်းကျေးရွာအတွင်းရှိ အသက်(၈၅)နှစ် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ဇန်နဝါရီ ၁၃ ရက် မွန်းလွဲပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက ဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
MCCT digital literacy TOT သင်တန်းပုသိမ်မြို့ လူမှုဝန်ထမ်းရုံးအစည်းဝေးခန်းမ၌ ဖွင့်လှစ်သင်ကြား လျက်ရှိ
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ လူမှုဝန်ထမ်းရုံး အစည်းဝေးခန်းမ၌ သင်ကြားပြသ လျှက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များ နှင့် လည်းကောင်းတို့မှမွေးဖွားလာသောအသက်.၂.နှစ် အောက်ကလေး ငယ်များအားတတိယအကြိမ်.Electronic Cash Transfer-ECT. နည်းလမ်းများဖြင့်ထောက်ပံပေးသွားမည့်အစီအစဉ်အတွက်. Digital Literacy TOT. သင်တန်းကို. ၃. ရက်ကြာ သင်ကြားသွားမည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ပြသဆောင်ရွက်
Jan 13,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ကျောင်းသားကျောင်းသူများ၊ ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (COVIDSHIELD) ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Jan 13,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်၄၀ နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက်၁၈ နှစ်နှင့်အထက်ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရမ်းမြို့ အမှတ်( ၂ ) ရပ်ကွက်ရှိ သကျ မာရိဇိန်ကြေးသွန်းဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန် ဓမ္မာရုံကြီးတွင် နေ့စဉ်နံနက် ၉ နာရီမှညနေ ၃ နာရီအထိ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် အိုမီခရွန် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်အတွင်းရှိပြည်သူများကိုဗစ်-၁၉မျိုးရိုးဗီဇကွဲအသစ် အိုမီခရွန်ရောဂါကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်ပြီး ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းများတွင်အသိပေးနှိုးဆော်ခြင်းကို မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများကHand Speakerဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းစာဖတ်ဝိုင်း ဆောင်ရွက်
Jan 13,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ “ ချစ်နိုင်(စိတ်ပညာ) “ ရေးသားထားသည့် “ ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးလျက်ရှိ
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ န၊ ဝန်ထမ်းများက ယနေ့ နံနက် (၁၀)နာရီအချိန် က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဟိုင်း ကြီး ရွာသစ်ကျောင်း ၊ Grade 4 အတန်း သို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်းငှားရမ်း ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19021
Page
19022
Page
19023
Page
19024
Current page
19025
Page
19026
Page
19027
Page
19028
Page
19029
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department