ကြံခင်း ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်အတွင်းရှိပြည်သူများကိုဗစ်-၁၉မျိုးရိုးဗီဇကွဲအသစ် အိုမီခရွန်ရောဂါကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်ပြီး ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းများတွင်အသိပေးနှိုးဆော်ခြင်းကို မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများကHand Speakerဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့အသိပေးနှိုးဆော်ခြင်းသည်ကြံခင်းမြို့နေပြည်သူများ ကိုဗစ်-၁၉ရောဂါဗီဇပြောင်းမျိုးကွဲအသစ် အိုမီခရွန်အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးတွင်ကူးစက်မှုများပြားလာသည်ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ကျန်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်များအာလိုက်နာကြရန်၊ ပြည်သူများအနေဖြင့်အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပေးရန်၊ နှာခေါင်းစည်း(Mask)စနစ်တကျတပ်ဆင်ကြရန်၊ လုအများနှင့်ထိတွေ့ဆက်ဆံပါကမျက်နှာကာ(Face Shield)ကိုတွဲဖက်တပ်ဆင်ကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏစနစ်တကျဆေးကြောရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်လေထွက်မကောင်းသောအခန်းများသို့သွားရောက်ခြင်းမှအတတ်နိုင်ဆုံးရှောင်းရှားကြရန်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင်(မပျက်မကွက်)အကြိမ်ပြည့် ထိုးနှံမှုခံယူကြရန်၊ ကိုဗစ်-၁၉ရောဂါလက္ခဏာသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ချင်းဆက်သွယ်ပြီး ကုသမှုခံယူကြရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မိုးမိုး