အမြို့မြို့အနယ်နယ်သတင်းများ

Jan 26,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် တွက် အသက်(၄၀)နှစ်နှင့်အထက်ပြည်သူ များအားဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့ နံနက်၉နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း ရှိမိုးကောင်းဆု တောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာဗိမာန်‌တော်ကြီးတွင် ထိုးနှံဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
Jan 26,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့ တွေ့ရှိမှုနှုန်း မရှိစေရန်နှင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်ပိုး သတိပြုကာကွယ်ရေးနှင့် ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများလိုက်နာရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေးစဉ်ဆက် မပြတ်အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန
Jan 26,2022
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာန တို့ပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 26,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ ၂၀၂၂ ခုနစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင်  ပထမချန်ပီယံဒိုင်းဆုရရှိလာသော ရခိုင် ပြည်နယ်(U-25) အမျိုးသမီး ဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုခြင်းကို ဇန်နဝါရီ(၂၅)ရက် ညနေက မင်းပြားမြို့ ရာမောင်လမ်းဆုံ၌   ပြုလုပ်ခဲ့သည်။
Jan 26,2022
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်ကာ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်း စေရေးအတွက် မြို့နယ်စီမံချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား  ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က မြို့နယ်စည်ပင်ခန်းမတွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။