မြို့သစ် ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ကျောင်းသားကျောင်းသူများ၊ ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် နိုင်ငံရေး ၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်များ ပြသထားပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆောင်ရွက်လျက်ရှိသည့် အကြောင်းအရာများကို မှတ် တမ်းဓာတ်ပုံများဖြင့် ပြသဆောင်ရွက်ထားရာ ပြည်သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ ကြောင်းသိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)