MCCT digital literacy TOT သင်တန်းပုသိမ်မြို့ လူမှုဝန်ထမ်းရုံးအစည်းဝေးခန်းမ၌ ဖွင့်လှစ်သင်ကြား လျက်ရှိ

ပုသိမ်   ဇန်နဝါရီ   ၁၃ 

ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ လူမှုဝန်ထမ်းရုံး အစည်းဝေးခန်းမ၌​ သင်ကြားပြသ လျှက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များ နှင့် လည်းကောင်းတို့မှမွေးဖွားလာသောအသက်.၂.နှစ် အောက်ကလေး ငယ်များအားတတိယအကြိမ်.Electronic Cash Transfer-ECT. နည်းလမ်းများဖြင့်ထောက်ပံပေးသွားမည့်အစီအစဉ်အတွက်.  Digital Literacy TOT.   သင်တန်းကို. ၃. ရက်ကြာ သင်ကြားသွားမည်။

ဖြစ်ကြောင်းသိရသည်။MCCT digital literacy TOT. သင်တန်းတွင်ပုသိမ်မြို့နယ်အတွင်းရှိရပ် ကွက်နှင့်ကျေးရွာအသီးသီးမှသင်တန်းသား/သူစုစုပေါင်း.၃၀.ဦးတက်ရောက်သင်ကြားလျှက်ရှိကြ ကြောင်းသိရသည်။ 

အဆိုပါသင်တန်းကိုဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ယူသင်ကြားပြသပေးလျှက်ရှိရာဦးစီးဌာနမှဒုတိယဦးစီးမှူးဒေါ်မြတ်ဆုမွန်၊အမျိုးသမီးရေးရာအဖွဲ့မှအဖွဲ့ဝင်.၂.ဦးနှင့်.တိုင်းဒေသကြီး.MCCT. တာဝန်ခံ ဦးရဲလွင်ဦး တို့မှသင်ကြားပြသပေးလျှက် ရှိကြောင်း သိရသည်။ သင်တန်းတွင်ကိုယ်ဝန်ဆောင်မိခင်များနှင့်၂၀၂၀.ပြည့်နှစ်ဧပြီလ.၁.ရက်နေ့မှစ၍မွေးဖွားလာသောကလေးငယ်များအား၂၀၂၁.အောက်တိုဘာလမှစတင်ပြီး၂၀၂၂မတ်လ.ထိ(၆)လဘတ်ဂျက်တွင် တတိ ယအကြိမ်ငွေကြေးထောက်ပံမှုကိုElectornicCash Transfer. ECT. နည်းလမ်းဖြင့်ထောက်ပံပေးမည် ဖြစ်ရာ AYA pay wallet. ဖွင့်နည်းနှင့်အကျိုးခံစားခွင့်ရှိသူများအားUpdate. ပြုလုပ်နည်းများ ၊နှင့် ငွေ ထုတ်ယူနိုင်မည့်နည်းလမ်းများကိုသင်ကြားပို့ချပေးလျှက်ရှိကြောင်းသိရသည်။ 

သင်တန်းတက်ရောက်သူများအနေဖြင့်သင်တန်းပြီးဆုံးပါကမြေပြင်အခက်အခဲများကိုအချိန်နှင့်တ ပြေးညီတင်ပြဆွေးနွေးနိုင်ရေးအတွက်.viber group. များဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။သင်တန်းကိုဇန္နဝါရီ.၁၂.ရက်နေ့မှ.၁၄.ရက်နေ့အထိသုံးရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။