ရေတာရှည်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်

ရေတာရှည် ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကုန်းကြီး​​ကျေးရွာအုပ်စု အင်ကြင်းကုန်း​ကျေးရွာအတွင်းရှိ အသက်(၈၅)နှစ် အထက် ဘိုးဘွားများအား  လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ဇန်နဝါရီ ၁၃ ရက် မွန်းလွဲပိုင်းတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက ဘိုးဘွားများ လက်ဝယ်အ​ရောက် ပေးအပ်ခဲ့သည်။

ရေတာရှည်မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၇)ရပ်ကွက်နှင့် ကျေးရွာ (၂၉၅)ရွာတို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် ဘိုးဘွား (၉၈၉)ဦး ရှိပြီး တစ်ဦးလျှင် ကျပ် ၃၀၀၀ဝ နှုန်းဖြင့် စုစုပေါင်း ကျပ်ငွေ ၂၉၆၇၀၀၀ဝ အား ဘိုဘွားများ လက်ဝယ်အရောက် ရရှိရေးအတွက် ရက်ကွက်/ကျေးရွာများရှိ တာဝန်ရှိသူများက လိုက်လံပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)