ဟိုင်းကြီးကျွန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးလျက်ရှိ

ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၁၃


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ န၊  ဝန်ထမ်းများက ယနေ့ နံနက် (၁၀)နာရီအချိန် က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဟိုင်း ကြီး ရွာသစ်ကျောင်း ၊ Grade 4 အတန်း သို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်းငှားရမ်း ပေးခဲ့ကြသည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးရာတွင်  ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား /ကျောင်း သူများ အား သုတ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်းစာအုပ်များ  နှင့် အသိပညာ ဗဟုသုတ များစွာရရှိမည့် စာအုပ်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး တစ်ပတ်ပြည့်လျှင် စာအုပ်၊ စာစောင်အ သစ်များဖြင့် အပတ်စဉ် လဲလှယ် ငှားရမ်းပေးသွားမည် ဖြစ်ကြောင်းသိရသည်။

နွေးနွေးအောင်ကြွယ်