အမြို့မြို့အနယ်နယ်သတင်းများ

Jan 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ဆောင်ရွက်လျက်ရှိသည့် ကုန်တင်ကားကြီးကွင်း တည်ဆောက်နေမှုကို ၁၄-၁-၂၀၂၂ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း ကွင်းဆင်းစစ်ဆေး၍ စံချိန်စံညွှန်း ပြည့်မီရေး၊ သတ်မှတ်ချိန်ကာလ ပြီးစီးရေးနှင့် လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။
Jan 16,2022
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့်  ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရကိုင်ဆောင်သင့်သည့်  လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ကျောက်မဲတောင်ကျေးရွာအုပ်စု၌ ဇန်နဝါရီလ ၁၀ ရက်နေ့ မှ ၁၄ ရက်နေ့အထိ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 16,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပု​တောမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံရှေးဦး ပြုစုနည်းနှင့် ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုနည်းသင်တန်းဖွင့်ပွဲကို ယမန်​နေ့နံနက် ၉ နာရီ အချိန်က ငပု​တောမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 16,2022
 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန    လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုး သူအသင်း (Book Club)တို့မှ စာ‌ရေးဆရာ အောင်သင်းရေးသားထားသည့်  "ရည်မှန်းချက်နှင့်ပြဿနာ အထွေထွေ" စာအုပ်ဖြင့်   စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့‌ရာ ကျောက်မဲ မြို့၊ အထက(ခွဲ)၊ အလက(၃) မှ ကျောင်းသား ကျောင်းသူများ တက်ရောက်လေ့လာ ခဲ့ကြောင်း သိရသည်။
Jan 16,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးလျှက် မြို့ဝင်မုခ်ဦး အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးပေါ်ရှိ ပေါင်းတုတ်ကျေးရွာအနီးတွင် မြို့ဝင်မုခ်ဦးကို ပန္နက်တော်တင် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။
Jan 16,2022
မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ ရွာဦး အခြေခံပညာ မူလတန်း(လွန်)ကျောင်းတွင် ဇန်နဝါရီလ ၁၄ ရက် နံနက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သထုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ထွန်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့‌ကြသည်။
Jan 16,2022
မွန်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်း ဖွင့်လှစ်ခြင်းကို အဆိုပါကြက်ခြေနီ ရုံးခန်းမ၌ ဇန်နဝါရီ ၇ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ဇန်နဝါရီ ၁၄ ရက်တွင် သင်တန်းဆင်းပွဲကျင်းပကြောင်း သိရသည်။
Jan 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၈၉ ရပ်ကွက်၊ ပဏ္ဍိတရာမ ကျောင်းတိုက်၊ ကွင်းကျောင်းစေတီတော်၌ ယမန်နေ့နံနက် ၇ နာရီခွဲ အချိန်မှစ၍ စုပေါင်းသန့်ရှင်းရေးနှင့် ဘုရားရေသပ္ပာယ်ခြင်း၊ ပန်းများကပ်လှူခြင်း၊ တံမျက်စည်းလှည်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။