ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ကျောက်မဲ   ဇန်နဝါရီ   ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန    လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုး သူအသင်း (Book Club)တို့မှ စာ‌ရေးဆရာ အောင်သင်းရေးသားထားသည့်  "ရည်မှန်းချက်နှင့်ပြဿနာ အထွေထွေ" စာအုပ်ဖြင့်   စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့‌ရာ ကျောက်မဲ မြို့၊ အထက(ခွဲ)၊ အလက(၃) မှ ကျောင်းသား ကျောင်းသူများ တက်ရောက်လေ့လာ ခဲ့ကြောင်း သိရသည်။

စာ‌ပေချစ်မြတ်နိုးသူ အသင်းဝင်များနှင့် လူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများ တိုးပွား လာစေရန်၊ စာပေဗဟုသုတများကို အပြန်အလှန် မျှဝေနိုင်‌စေရန်နှင့် စာပေချစ်မြတ်နိုးသူ များအကြား ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်ရရှိစေရန်  ရည်ရွယ်၍စာဖတ်ဝိုင်းကို ကျင်းပရခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နှင်းရည်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း  ရည်ရွယ်ချက်များကို ဦးစွာဆွေးနွေးခဲ့ပြီး ဆရာမ ဒေါ်မိုးမိုး၊ ဦးသန်းဇော်၊ ဒေါ်နန်းလောင့်အွမ်၊ ဒေါ်ညိုညိုစိန်၊ ဒေါ်နန်းရွှေအုံတို့က စာရေးဆရာ အောင်သင်းရေးသားထားသည့် " ရည်မှန်းချက်နှင့် ဘဝအထွေထွေ"  စာအုပ်မှ ‌အကြောင်းအရာများကို  အသီးသီး ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက ၎င်းတို့သိရှိလိုသည့် မေးမြန်းခဲ့ရာ စာပေချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)