သထုံမြို့နယ်၊ ရွာဦး အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ‌ ကွင်းဆင်းဆောင်ရွက်ပေး

သထုံ ဇန်နဝါရီ  ၁၆

မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ ရွာဦး အခြေခံပညာ မူလတန်း(လွန်)ကျောင်းတွင် ဇန်နဝါရီလ ၁၄ ရက် နံနက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သထုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ထွန်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့‌ကြသည်။

ကွင်းဆင်း ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က နိုင်ငံသားစိစစ်ရေးကတ်နှင့် ပန်းခင်း စီမံချက်တို့နှင့်ပတ်သတ်၍ သသင့်သည်တို့ကို ဆွေးနွေးဟောပြောပြီး မူလွန်(ရွာဦး)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ နိုင်ငံ သားစိစစ်ရေးကတ်များ စနစ်တကျ ဆောင်ရွက်ပေး‌နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည် တို့ကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သထုံမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် မေလ ၃ ရက်နေ့မှစတင်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတို့ရှိ ဒေသခံပြည်သူများ၊ အခြေခံပညာကျောင်းများတို့သို့အရောက် လိုက်လံ ဆောင်ရွက်‌ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်နှင့်ပတ်သတ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ မြေစိုက်ပိုစတာများ စိုက်ထူခြင်းစသည့် ပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ခရိုင်(ပြန်/ဆက်)