ငပု​တောမြို့နယ်၌ အ​ခြေခံ ရှေးဦးပြုစုနည်း (ဆင့်ပွား) သင်တန်းဖွင့်ပွဲ ကျင်းပ

ငပု​တော ဇန်နဝါရီ  ၁၆

ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်ခရိုင်  ငပု​တောမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံရှေးဦး ပြုစုနည်းနှင့် ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုနည်းသင်တန်းဖွင့်ပွဲကို ယမန်​နေ့နံနက် ၉ နာရီ အချိန်က ငပု​တောမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင်  မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌဦးစိုးတင့်က  အဖွင့်အမှာစကား​ပြောကြားပြီး​နောက်သင်တန်းဖွင်လှစ်ရခြင်း ရည်ရွယ်ချက်များ အား ရှင်းလင်း​ပြောကြားခဲ့သည်၊ အမှာစကား ပြောကြားရာတွင်  သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြား​ပေးသည့် အခြေခံရှေးဦးပြုစုနည်းပညာနှင့် ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုနည်းပညာများကို စိတ်ပါဝင်စားစွာဖြင့် စနစ်တကျ သင်ယူရန်လိုအပ်​​ကြောင်းနှင့်  သင်တန်းမှသင်ကြား​ပေးသည့် ပညာများကို လက်တွေ့ အသုံးချပြီး မိမိရပ်ရွာ မိမိမြို့နယ်အတွင်း တွေ့ကြုံလာမည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှုလျော့‌နည်း‌စေရေးအတွက် ကူညီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

အဆိုပါ သင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး ဦးဆောင်သော  သင်တန်းနည်းပြ ဆရာ၊ ဆရာမများက  ​ရှေးဦးပြုစုခြင်း နှင့် ပတ်သက်၍  စာ​တွေ့လက်​တွေ့ သင်ကြား​ပေးသွားမည်ဖြစ်သည်။

အဆိုပါ အခြေခံရှေးဦးပြုစုနည်းသင်တန်းသို့  ငပု​တောမြို့ပေါ်မှ ရပ်ကွက် ( ၄ )ရပ်ကွက် အတွင်းရှိ အခြေခံရှေးဦးပြုစုနည်းပညာ စိတ်ပါဝင်စားသည့် ကြက်​​ခြေနီ တပ်ဖွဲ့ဝင်သင်တန်းသား  သင်တန်းသူစုစုပေါင်း ၂၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်းသိရပြီး သင်တန်းကာလမှာ ဇန်နဝါရီလ  ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ နံနက်    နာရီမှ ည​နေ ၄  နာရီထိ  (၂) ရက်ကြာ စာတွေ့လက်တွေ့  စနစ်တကျ ဖွင့်လှစ်သင်ကြား​ပေးသွားမည်ဖြစ်​ကြောင်း မြို့နယ်ကြက်​ခြေနီအသင်းဥက္ကဋ္ဌထံမှ သိရသည်။

နုနု​အေး(ပြန်/ဆက်)