မြောက်ဦး ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးလျှက် မြို့ဝင်မုခ်ဦး အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးပေါ်ရှိ ပေါင်းတုတ်ကျေးရွာအနီးတွင် မြို့ဝင်မုခ်ဦးကို ပန္နက်တော်တင် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ မြို့ဝင်မုခ်ဦး ပန္နက်တော်တင်အုတ်မြစ်ချ မဂ်လာအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးဦးရွှေမောင်နှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆) လတာကာလအတွင်း တည်ဆောက်မည့် မြို့ဝင် မုခ်(၂) ခု ပန္နက်တော်တင် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားကို ကျင်းပရာ မြောက်ဦးမြို့သည် ရှေ့ဟောင်း ယဉ်ကျေးမှု အမွေအနှစ်များရှိသော မြို့ဖြစ်၍ မြို့အင်္ဂါရပ်နှင့်ညီရန်အတွက် စည်ပင် သာယာရေးအဖွဲ့မှ ရခိုင်ပြည်နယ်အစိုးရထံတင်ပြပြီး ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်းပေါင်း (၁၈၅) သန်းကို ခွင့်ပြု၍ မြို့ဝင်မုခ်ဦး(၂) ခုကို တည်ဆောက်ခြင်းဖြစ်သည်၊၊
ဆက်လက်၍ မြို့နယ်စည်ပင် သာယာရေး အဖွဲ့အမှု ဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးရွှေ မောင်မှလည်း မြောက်ဦးမြို့တွင် ရှေ့ဟောင်းအမွေအနှစ်များပေါကြွယ်ဝ၍ နိုင်ငံခြား ခရီးသွားများ၊ ပြည်တွင်း ခရီးသွား အများ အပြားရောက်ရှိသည့်မြို့ဖြစ်၍ ရှေ့ဟောင်းမြို့တစ်မြို့ ဖြစ်သည့်အတွက် မြို့အဂ်ါရပ်နှင့်ညီအောင် မြို့ပေါ်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖ များကို ဖိတ်ကြား၍ မြိုဝင်မုခ်ဦး (၂)ခု တည်ဆောက်ရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။ တည်ဆောက်ရာတွင်လည်း တင်ဒါအောင် ထားသော ကုမ္ပဏီအနေဖြင့်သတ်မှတ်ထားသော စံချိန်၊ စံညွှန်းနှင့်ညီအောင် စည်ပင်သာယာ ရေးအဖွဲ့မှ အနီးကပ် ကြီးကြပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့ဝင်မုခ်ဦး ပန္နက်တော်တင် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားကို သက်ဆိုင်ရာ တာဝန်ရှိသူများက အုတ်မြစ်ချကြပြီး ရခိုင့်စည်တော်အဖွဲ့ ဓညမဏ္ဍိုင် စည်တော်နှင့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်းသိရသည်။
မြင့်စိုး (ပြန်/ဆက်)