ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၈၉ ရပ်ကွက်၊ ပဏ္ဍိတရာမ ကျောင်းတိုက်၊ ကွင်းကျောင်းစေတီတော်၌ ယမန်နေ့နံနက် ၇ နာရီခွဲ အချိန်မှစ၍ စုပေါင်းသန့်ရှင်းရေးနှင့် ဘုရားရေသပ္ပာယ်ခြင်း၊ ပန်းများကပ်လှူခြင်း၊ တံမျက်စည်းလှည်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစိုးလွင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေဝင်းအောင်၊ အဖွဲ့ဝင်(၂)ဦးလှကြည်နှင့် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဖြိုးစန္ဒာကျော်