မေတ္တာ ဇန်နဝါရီ ၁၆
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ကျောက်မဲတောင်ကျေးရွာအုပ်စု၌ ဇန်နဝါရီလ ၁၀ ရက်နေ့ မှ ၁၄ ရက်နေ့အထိ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးကျော်ကျော်နိုင်နှင့် ဝန်ထမ်းများက မေတ္တာမြို့၊ ကျောက်မဲတောင်ကျေးရွာ အုပ်စုအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက်နေ တိုင်းရင်းသား ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားကို အသက် (၁၀) နှစ်ပြည့်(၁၃၁)ဦး၊ အသက်(၁၈)နှစ်ပြည့် (၉၁)ဦး၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်(၇၅)ဦး၊ ပျောက်ဆုံးပျက်စီး မိတ္တူ(၆၅)ဦးတို့အား ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း (၃၆၂) ဦးနှင့် အိမ်ထောင်စု (၈၀) စုတို့အား အိမ်ထောင်စုစာရင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နန်းခလိုက်(မေတ္တာ)