ရွှေညောင်မြို့ ကုန်တင်ကားကြီးကွင်း တည်ဆောက်နေမှုအား ပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ကွင်းဆင်းစစ်ဆေး

တောင်ကြီး ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ဆောင်ရွက်လျက်ရှိသည့် ကုန်တင်ကားကြီးကွင်း တည်ဆောက်နေမှုကို ၁၄-၁-၂၀၂၂ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း ကွင်းဆင်းစစ်ဆေး၍ စံချိန်စံညွှန်း ပြည့်မီရေး၊ သတ်မှတ်ချိန်ကာလ ပြီးစီးရေးနှင့် လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ကုန်တင်ကားကြီးကွင်းသည် ရွှေညောင်မြို့၊ မြို့ရှောင်လမ်းဘေးတွင် တည်ရှိပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့် J United Co.,Ltd ၊ Da Nu Min Thar Co.,Ltd တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မြေဧက(၆)ဧက ပေါ်တွင် စီမံကိန်းကာလမှ (၃)နှစ်အတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)