အမြို့မြို့အနယ်နယ်သတင်းများ

Jan 25,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၅၈၆၄၅ ဦးရှိပြီ ဖြစ်ကြောင်းနှင့် ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှသိရသည်။
Jan 25,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် ဦးဆောင်သော အဖွဲ့သည် ယနေ့နံနက်၁၀နာရီက သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ သာယာဝတီခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
Jan 25,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် အသက်၁၈နှစ်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူပြည်သူများအား အိန္ဒိယနိုင်ငံထုတ် (Covicshield) ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပေးခြင်းနှင့်(ဒုတိယအကြိမ်) ကာကွယ်‌ဆေးထိုးရန် ကျန်ရှိနေသူ ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး( Sinovac)ထိုးနှံခြင်းကို ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်အားကစားခန်းမ ခြင်းလုံးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ်အဖြစ် ​မြန်မာနိုင်ငံဂီတ အစည်းအရုံး (တွံတေးမြို့နယ်)မှ ကြီးမှူးကျင်းပမည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် သီချင်းဆိုပြိုင်ပွဲကို "ဂီတစွမ်းအား ပြည့်ထွန်း ကား" ဆောင်ပုဒ်နှင့် အညီ ထူးချွန်သော ဂီတပညာရှင်များ ပေါ်ထွန်းလာစေရန်၊ တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးပြုနိုင်သော ဂီတအဆိုပညာရှင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
Jan 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီအတွင်း ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော မိုင်းလင်းအရှေ့ ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ များ၏ လယ်စိုက်ဧက (၁၂)ဧက အတွက် Urea ဓာတ်မြေသြဇာများ ​ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Jan 25,2022
ပဲခူးမြို့နယ်တွင် ယ​နေ့​နံနက်၉နာရီအချိန်က ရွှေမော်ဓောဘုရားလမ်းရှိ သီရိဟံသာခန်းမ၀င်းအတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား Sputnik Light ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ပထမအကြိမ်​ ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။
Jan 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ သံဃာတော်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆွမ်းဆန်တော် ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် နံနက် ၆ နာရီခွဲအချိန်က မိုးမိတ်မြို့သာသနာ့ဗိမ္မာန်တော်၌ ကျင်းပခဲ့ကြောင်းသိရသည်။
Jan 25,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့ ပြောင်းအဝယ်တော်များမှ အစေ့ထုတ်ပြောင်းများကို ဈေးနှုန်းအနည်းငယ်မြင့်၍ ဝယ်ယူ လျက်ရှိကြောင်း ပြောင်းရောင်း တောင်သူတစ်ဦးက ပြောသည်။