သာစည် ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၅၈၆၄၅ ဦးရှိပြီ ဖြစ်ကြောင်းနှင့် ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှသိရသည်။
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm၊ Sonovac နှင့် Covidshield တို့ကို ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် မြို့ပေါ် ၇ ရပ်ကွက်နှင့်နီးစပ်ရာ ကျေးရွာအုပ်စုများမှ ပြည်သူများအား မြို့နယ် အားကစားကွင်း၌ လည်းကောင်း၊ မောင်းမဆည်ကျေးရွာနှင့် မြေစိုကျေးရွာတို့မှ ပြည်သူများအား သက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် လည်းကောင်း ဆေးထိုးအဖွဲ့များက ကိုဗစ်-၁၉ ကာကွယ်ဆေး Covidshield ပထမအကြိမ် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်မှစ၍ ဦးတည် အုပ်စုအလိုက် ထိုးနှံပေးခဲ့ရာ ယခုနှစ် ဇန်နဝါရီ ၂၄ ရက်အထိ Sinopharm ပထမအကြိမ်ထိုးနှံပြီးသူ ၆၂၈၆၉ ဦး ဒုတိယအကြိမ်ထိုးနှံပြီးသူ ၅၇၄၅၈ ဦးနှင့် Sonovac ပထမအကြိမ်ထိုးနှံပြီးသူ ၁၇၇၇၆ ဦး ဒုတိယအကြိမ် ထိုးနှံပြီးသူ ၁၆၆၈၁ ဦးနှင့် Covidshield ပထမအကြိမ်ထိုးနှံပြီးသူ ၃၈၆၁ ဦး စုစုပေါင်း ၁၅၈၆၄၅ ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)