သုံးခွမြို့နယ်၌ အသက်(၁၈)နှစ်အထက် ကာကွယ်‌ဆေးထိုးတစ်ကြိမ်မှမထိုးနှံရ‌သေးသူ ပြည်သူများအား ပထမအကြိမ် (Covicshield) ကာကွယ်‌ဆေး ထိုးနှံပေးခြင်းနှင့် ဒုတိယ အကြိမ်ထိုးနှံရန်ကျန်ရှိနေသူများအား Sinovacကာကွယ်များဆက်လက်ထိုးနှံပေး

သုံးခွ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် အသက်၁၈နှစ်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူပြည်သူများအား အိန္ဒိယနိုင်ငံထုတ် (Covicshield) ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပေးခြင်းနှင့်(ဒုတိယအကြိမ်) ကာကွယ်‌ဆေးထိုးရန် ကျန်ရှိနေသူ ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး( Sinovac)ထိုးနှံခြင်းကို ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်အားကစားခန်းမ ခြင်းလုံးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံထုတ် (Covicshield)ကာကွယ်ဆေးထိုးနှံခြင်းကို(၈-၁-၂၀၂၂)ရက်‌နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ ယ‌နေ့အထိ ဆက်လက် ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် အသက်၁၈နှစ်ပြည့် ပြီးသူများ၊အသက်(၄၅)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးနှံ ရသေးသူများ၊  အစိုးရကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းများ၊ပရဟိတဝန်ထမ်းများ၊  သံဃာတော်များ၊ သီလရှင်များ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊  ယာဉ်မောင်း ဆရာများ၊ ယာဉ်နောက် လိုက်များ၊ဆိုက်ကားဆရာများ ၊(ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး လုပ်ငန်းမှ ဝန်ထမ်းများ ) ၊ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ အခြားဝင်ငွေ ရရှိသော  လုပ်ငန်းလုပ်ကိုင်သူများ၊စားသောက်ကုန်ပစ္စည်းရောင်းချသူများ၊ စားသောက်ဆိုင် လက်ဘက်ရည်ဆိုင်ရှိ ဝန်ထမ်းများ၊ ဈေးသည်များနှင့် မသန်စွမ်းများအား ထိုးနှံပေးကြောင်းသိရသည်။ 

သုံးခွမြို့နယ်တွင် ကိုဗစ်-၁‌၉ရောဂါ ကာကွယ်ဆေး first Doseထိုးနှံပြီးသူ (၉၃၉၅၀) ဦး၊second Dose ထိုးနှံပြီးသူ (၈၉၆၀၈)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၈၁.၃၇%ရှိကြောင်း သိရသည်။

စည်သူလင်း