Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှမြို့၊ ပရိယတ္တိသာသနာပါလက အာဂုမ်ပြန်ရေးဖြေစာပွဲတော်ကြီးအောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာ အခမ်းအနားသ…
Jan 17,2022
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ၊ပွေးလှမြို့၊ ကျောက်တောကျောင်း၌ ဇန်နဝါရီ (၁၂) ရက်မှ (၁၅) ရက်နေ့အထိ (၄) ရက်တိုင်တိုင် ကျင်းပ ပြုလုပ်ခဲ့သည့် (၆၅)ကြိမ်မြောက် စာလျှောက်မေးပွဲတော်ကြီးနှင့် (၆၇) ကြိမ်မြောက် အာဂုမ်စာပြန်ပွဲတော်ကြီး အောင်မြင်စွာပြီးမြောက်သည်ဖြစ်၍ စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းနှင့် တရားတော်နာမင်္ဂလာ အခမ်းအနားအား ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 17,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လူမူဝန်ထမ်း ဦးစီးဌာန၊ မြို့နယ် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာသို့ သွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်နည်း လက်တွေ့သင်ကြားပေး
Jan 17,2022
မွန်ပြည်နယ် မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီးများ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ် စေရန် ရည်ရွယ်၍ရုံးဌာနများ၊ ကုမ္ပဏီများ၊ စက်ရုံ၊ အလုပ်ရုံများ၊ စျေးများနှင့် ရပ်ကွက်/ကျေးရွာ များ အလိုက်မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရပ်ကွက်/ကျေးရွာများ အလိုက်ဖွဲ့စည်းထားသည့်အရန် မီးသတ်တပ်ဖွဲ့ဝင်များအား အရေးပေါ်အခြေအနေတွင် မီးငြှိမ်းသတ် နည်းများ ကူညီဆောင်ရွက်နိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးခြင်းကို မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကော့ပေါက် ကျေးရွာနှင့် ကော့နှတ်ကျေးရွာတို့၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြပါရန…
Jan 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကာကွယ်ဆေးထိုးရန် စုရပ်ဖြစ်သည့် ပိုင်ကျုံတိုက်နယ်ဆေးရုံ၌ ကရင်/မြန်မာ နှစ်ဘာသာဖြင့် နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိုင်မြို့နယ်၌ ဆောင်းသီးနှံများ စိုက်ပျိုးရောင်းချ၍ နေ့စဉ်ဝင်ငွေရရှိ
Jan 17,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် တောင်သူများ ဆောင်းသီးနှံများ စိုက်ပျိုးရောင်းချ၍ နေ့စဉ်ဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Jan 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နေ့စဉ် အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေန့နက်ပိုင်းက ကရင်၊ မြန်မာနှစ်ဘာသာဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့ စည်ပင်သာယာမြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ ဇတ်တိုက်လေ့ကျင့်
Jan 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိဈေးများ မီးဘေးအန္တရာယ် ကင်းဝေးရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ ဇတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်ခန့်က စည်ပင်သာယာမြို့မဈေး၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းရုံးတွင် ယာယီဆေးခန်း ဖွင့်လှစ်၍ ဒေခံပြည်သူ များအား သွားနှင့်ခံတွင်း အထွေထွေရောဂါ အခမဲ့ကုသပေး
Jan 17,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေး ပရဟိတအသင်း၏ ဦးဆောင်မှုဖြင့် သွားနှင့်ခံတွင်းဆိုင်ရာ သွားဘက်ဆရာဝန် ဒေါက်တာ နွေပွင့်ကျော်မောင်က ဇန်နဝါရီ ၁၅ ရက်နေ့က စတင်ကာ မြို့နယ်အတွင်းရှိ သွားနှင့်ခံတွင်း ရောဂါခံစားနေရသည့် ဒေသခံပြည်သူများကို အခမဲ့ ဆေးဝါးကုသဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18998
Page
18999
Page
19000
Page
19001
Current page
19002
Page
19003
Page
19004
Page
19005
Page
19006
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department