မိုးမိတ် ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ သံဃာတော်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆွမ်းဆန်တော် ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် နံနက် ၆ နာရီခွဲအချိန်က မိုးမိတ်မြို့သာသနာ့ဗိမ္မာန်တော်၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါလှူဒါန်းပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ဝင်းလှိုင် နှင့် ဌာနဆိုင်ရာ များက မိုးမိတ်မြို့နယ်အတွင်း ဝါဆိုကြသည့် ရဟန်း (၃၁၈)ပါး ၊သာမဏေ(၅၄၈)ပါး ၊သီလရှင် (၁၀၃) ပါး စုစုပေါင်း (၉၆၉) ပါး တို့အား (၈)ပါးလျှင် ဆန်တစ်အိတ်နှုန်းဖြင့် ဆန်အိတ် (၁၂၂) အိတ်အား ကျောင်းများအရောက်ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။
စည်သူဌေး