တာလေ ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီအတွင်း ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော မိုင်းလင်းအရှေ့ ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ များ၏ လယ်စိုက်ဧက (၁၂)ဧက အတွက် Urea ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဓာတ်မြေသြဇာများကို ၂၀၂၁-၂၀၂၂ ခုနှစ်မိုးရာသီအတွင်း ရေကြီးနစ်မြှုပ်မှုများကြောင့် ပျက်စီးခဲ့သော မိုင်းလင်းအရှေ့ ကျေးရွာအုပ်စုမှ တောင်သူ(၄)ဦး၏ လယ်စိုက်ဧက (၁၂)ဧကအတွက် လာမည့်စိုက်ပျိုးရာသီတွင် အသုံးပြုရန် Urea ဓာတ်မြေသြဇာများကို လယ်ပိုင်ရှင် တစ်ဦးချင်းဆီသို့ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း တာလေမြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးနေလင်းထံမှ သိရသည်။
အောင်ကျော်မိုး