ပဲခူးမြို့ သီရိဟံသာခန်းမ၌ Sputnik Light ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအ​​ကြိမ်​ထိုးနှံပေးလျက်ရှိ

ပဲခူး ဇန်နဝါရီ ၂၅

ပဲခူးမြို့နယ်တွင် ယ​နေ့​နံနက်၉နာရီအချိန်က ရွှေမော်ဓောဘုရားလမ်းရှိ သီရိဟံသာခန်းမ၀င်းအတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား Sputnik Light ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး  ပထမအကြိမ်​ ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ ပရဟိတအသင်းများ ပူးပေါင်း၍  ကာကွယ်ဆေးထိုးနှံရန် လာ​ရောက်သူများအား ကိုယ်အပူချိန် တိုင်းတာ​ပေးခြင်း၊​ သွေး​ပေါင်ချိန်တိုင်းတာ​ပေးခြင်း၊ ကျန်းမာ​ရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ ယနေ့တွင် အသက်(၁၈)နှစ်နှင့်အထက် ပထမအကြိမ် ထိုးနှံသူစုစု​​ပေါင်း (၄၇၀)ဦးတို့ကို ရောဂါ ကာကွယ်​ဆေး ထိုးနှံ​ပေးခဲ့ကြောင်း သိရသည်။

ခရိုင်( ပြန်/ဆက်)