မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ကလေးသူငယ်များနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊ စာပေနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများကို နေ့စဉ်လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ၊ ကျောင်းသားလူငယ်များ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်အချိန်တွင် နေအိမ်မှတစ်ဆင့် Online အသုံးပြု ၍ အလွယ်တကူ စာပေဖတ်ရှုနိုင်စေရေး၊ ဝန်ထမ်းများမှ နေ့စဉ် Online မှ အသိပညာပေးအစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေး လျက်ရှိကြသည်။
အဆိုပါအစီအစဉ်များ ထုတ်လွှင့်တင်ဆက်ရခြင်းမှာ ကျောင်းနေအရွယ်ကလေးများ၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်ကြော်ငြာကဏ္ဍ၊ စာပေချစ် ပရိတ်သတ်များအတွက် သုတ/ရသစာအုပ်များ ရွေးချယ်မိတ်ဆက်ခြင်း အသိပညာပေး အစီအစဉ်များကို ရိုက်ကူး၍ ဖျာပုံခရိုင် ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် ထုတ်လွှင့်အသိပညာပေးလျက်ရှိကြောင်း သိရသည်။
အောင်အောင်