Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဖျာပုံမြို့၌ အသက်(၁၈)နှစ်နှင့်အထက် လူတစ်ဦးလျှင် တစ်ကြိမ်သာ ထိုးနှံရမည့် ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Jan 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူ ပြည်သူများအား၊ တစ်ကြိမ်သာ ထိုးနှံရမည်ံ့ ရုရှားနိုင်ငံထုတ် (Sputnik. Light) ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇန်နဝါရီလ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီး၊ မိခင်နှင့်ကလေးကုသရေးဌာနတွင် ဆေးထိုးစုရပ်ထားရှိကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ စနစ်တကျ ပုံမှန်ရောင်းချရေး ကြည့်ရှုစစ်ဆေးခြင်းနှင့် လမ်းညွန်ချက်စာစောင်းများဖြန့်ဝေ
Jan 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ စနစ်တကျပုံမှန်ရောင်းချရေးကြည့်ရှုစစ်ဆေးခြင်းနှင့် လမ်းညွန်ချက်စာစောင်းများဖြန့်ဝေခြင်းကို ဇန်နဝါရီလ ၂၆ရက် နံနက် ၉နာရီအချိန်ခန့်က မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို Mobile စနစ်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပညာပေး နှိုးဆော်
Jan 26,2022
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် နိုင်ရန်အတွက် ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက် ထိုးနှံ ပေးလျက်ရှိရာ ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်၍ မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းကာ Mobile စနစ်ဖြင့် အိမ်တိုင်ရာရောက် ထိုးနှံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၂ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် ရှောက်တောင်ကျေးရွာမှ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Jan 26,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေး သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာများ အရောက် အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်၉နာရီမှ ညနေ ၄နာရီအထိ ရှောက်တောင် ကျေးရွာမှပြည်သူများအား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို အခမဲ့ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရှာဖွေကယ်ဆယ်ရေး (ဆင့်ပွား)သင်တန်း ပို့ချပေးလျက်ရှိ
Jan 26,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ကူညီဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး (ဆင့်ပွား)သင်တန်းကို ခရိုင်မီးသတ် ဦးစီးမှူးရုံးတွင် ဖွင့်လှစ်သင်တန်း ပို့ချပေးလျက်ရှိရာ ယမန်နေ့က မောင်တော ခရိုင်မီးသတ် ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး သန့်ဇင်က ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ကူညီဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေး အန္တရာယ် ကာကွယ်ရေး နှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းဘာသာရပ်များအား သင်ကြားပို့ချပေးခြင်း၊ မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ခွဲမှူးသန်းဇော်ဦးနှင့် ဒုတိယတပ်ခွဲမှူး ဦးကျော်မြတို့မှ ဘေးအန္တရာယ်များ ကြုံတွေ့လာပါက လူနာများအား အခြေခံ အသက်ကယ်ရာတွင် အထောက်အကူပြုနည်း စနစ်များအား လက်တွေ့သင်ကြားပို့ခြင်းများကို ဆောင်ရွက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သရက်သီးစိမ်းပေါ်ချိန် ဈေးကွက်အတွင်း ဈေးကောင်းရရှိနေ
Jan 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်သည် ရေမြေသဘာဝ ညီမျှသည့် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး သရက်ပင်များ ပေါများစွာ ပေါက်ရောက်သည့် ဒေသတစ်ခုဖြစ်ရာ ယခုအချိန် ဆောင်းလယ်ကာလသည် သရက်သီးများ စတင်သီး၍ ဈေးကွက်အတွင်း၌ ဈေးကောင်းရလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jan 26,2022
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာ များသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ (၁၆)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ၉၅ ရာခိုင်နှု…
Jan 26,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ(၁၆)ရွာတွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ၉၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18892
Page
18893
Page
18894
Page
18895
Current page
18896
Page
18897
Page
18898
Page
18899
Page
18900
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department