ညောင်တုန်း ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ စနစ်တကျပုံမှန်ရောင်းချရေးကြည့်ရှုစစ်ဆေးခြင်းနှင့် လမ်းညွန်ချက်စာစောင်းများဖြန့်ဝေခြင်းကို ဇန်နဝါရီလ ၂၆ရက် နံနက် ၉နာရီအချိန်ခန့်က မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြိုနယ်စားသုံးသူရေးရာဦးစီးဌာန၊ မြိုနယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့မဈေး၊ (၈)လမ်းဈေး၊ တာကွေ့ဈေး၊ ဆားမလောက်ဈေးတို့တွင် စနစ်တကျဖွင့်လှစ်ရောင်းချမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ပုံမှန်ဖွင့်လှစ်ရောင်းချရေး လမ်းညွှန်ချက်စာစောင်ဖြန့်ဝေခြင်းများကို အဖွဲ့(၄)ဖွဲ့ခွဲ၍ တပြိုင်နက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)