ဖျာပုံမြို့၌ အသက်(၁၈)နှစ်နှင့်အထက် လူတစ်ဦးလျှင် တစ်ကြိမ်သာ ထိုးနှံရမည့် ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ဖျာပုံ ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူ ပြည်သူများအား၊ တစ်ကြိမ်သာ ထိုးနှံရမည်ံ့ ရုရှားနိုင်ငံထုတ် (Sputnik. Light) ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇန်နဝါရီလ(၂၆)ရက်နေ့ နံနက်()နာရီအချိန်က ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီး၊ မိခင်နှင့်ကလေးကုသရေးဌာနတွင် ဆေးထိုးစုရပ်ထားရှိကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
 

လူတစ်ဦးလျှင် တစ်ကြိမ်သာ ထိုးနှံရမည်ံ ရုရှားနိုင်ငံထုတ် (Sputnik Light) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း သွေးပေါင်ချိန်ခြင်း တစ်ဦးနှင့်တစ်ဦး()ပေစီခြား၍ စနစ်တကျ နေရာ ချထားပြီးကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူ ဖျာပုံမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာများရှိ ပြည်သူများအား အကန့်အသက်မရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်