ငဖဲမြို့နယ် ရှောက်တောင်ကျေးရွာမှ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ငဖဲ ဇန်နဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေး သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာများ အရောက် အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်၉နာရီမှ ညနေ ၄နာရီအထိ ရှောက်တောင် ကျေးရွာမှပြည်သူများအား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို အခမဲ့ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ  ဒု-လ၀ကမှူး ဦးအောင်ကိုလတ်နှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ ၆(က) (၉)ဦး၊၃(က)ပြုလုပ်သူ (၃၃)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး အသစ်လဲလှယ်သူ (၁၉)ဦးနှင့် မိတ္တူပြုလုပ်သူ (၃)ဦး စုစုပေါင်းပြည်သူ (၆၄)ဦးတို့အား အထောက်အထားများစိစစ်ကာ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ပန်းခင်းစီမံချက်ဖြင့် ယနေ့ထိ အိမ်ထောင်စု(၂၇၅)စု၊နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သူ ပြည်သူ(၁၇၁၄)ဦးအား ပြုလုပ် ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)