အမြို့မြို့အနယ်နယ်သတင်းများ

Jan 26,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီး ဌာနမှ ကြီးမှူးကျင်းပမည့် မြန်မာ့လက်မှု အနုပညာ(MHC)ဖွင့်ပွဲ အခမ်းအနားနှင့် အသေးစား စက်မှု လက်မှုအနုပညာ ကုန်ထုတ်ပစ္စည်းပြပွဲ၊ ဈေးရောင်းပွဲ(ရန်ကုန်)ကို ကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့ နံနက် (၁၀)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ မိုဘိုင်းစနစ် ဖြင့် စာအုပ်များ ကွင်းဆင်းဌားရမ်းပေးခဲ့သည်။
Jan 26,2022
ရခိုင်ပြည်နယ်သံတွဲခရိုင်တောင်ကုတ်မြို့၌ တောင်ကုတ်တက္ကသိုလ် အဆင့်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ယနေ့ နံနက် ၈ နာရီအချိန်ကစတင်ပြီး တောင်ကုတ် တက္ကသိုလ်ပင်မကျောင်းဆောင်ကြီး၏ ကွင်းပြင်၌ အားကစား ပြိုင်ပွဲများ ဖွင့်လှစ်ကျင်းပလျက်ရှိကြောင်း သိရသည်။
Jan 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့် တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ ၊ လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိ စေရန်၊အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် သုတ၊ ရသ စာအုပ်စာ‌စောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်း အလှခေါက်ခြင်းအစီအစဉ်များကိုရိုက်ကူး၍ သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jan 26,2022
ပြည်သူများ စာပေကိုမြတ်နိုး တန်ဖိုးထားတတ်စေရန်၊ စာပေ၏ တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊‌‌ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်​နေ့ နေ့လည်၁နာရီက စာအုပ်စာပေ ဝါသနာရှင်များ နှင့်ပူးပေါင်း၍ စာရေးဆရာ ကလောင်စုံရေးသားသော လူငယ်နှင့်ဘ၀ရည်မှန်းချက်ပန်းတိုင် စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 26,2022
ကိုဗစ်-၁၉အပါအဝင် ဗီဇပြောင်းမျိုးကွဲ သစ်အိုမီခရွန်ရောဂါကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်တွင် ယနေ့မွန်းလွဲ၃နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ မြို့တွင်းလမ်းမကြီးနှင့် လမ်းသွယ်တို့၌ အသံချဲ့စက်ဖြင့် နှိုးဆော်ပေးသည်။
Jan 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသော စားအုန်းဆီများအပေါ် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများသို့ရောင်းချရန် တိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ် ငန်းရှင်များအသင်း(ယာယီ)၏ အစီအစဉ်ဖြင့် စားသုံးဆီလက်လီရောင်းချနေမှုအား စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင် ရွက်ခဲ့သည်။
Jan 26,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မအနောက်ရပ်ကွက်ရှိ နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ဇန်နဝါရီ  ၂၅ ရက်နေ့  နံနက် ၉ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။