အမြို့မြို့အနယ်နယ်သတင်းများ

Jan 31,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရမ္မာဝတီခန်းမတွင် ကျင်းပကြပါသည်။ ခမ်းအနားသို့ ရမ်းဗြဲမြို့နယ်၊ မြိို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရမ်းဗြဲ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
Jan 31,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်(၄)ရပ်နှင့် အညီ ဆောင်ရွက်ထားရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့ နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Jan 31,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ ယနေ့နံနက် ၁၀နာရီက ကာယဉာဏစွမ်းရည် အားကစားပြိုင်ပွဲများ ကျင်းပသည်။
Jan 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့၊ ဖောင်တိုးကျေးရွာ တွင်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ ရှေ့တန်းရုံးမှ ဦးသန့်ဇင်ထွန်း ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို (၂၉)ရက်နေ့ မှ (၃၀) ရက်နေ့ထိ နှစ်ရက်ကြာ ဖောင်တိုးကျေးရွာ တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jan 31,2022
(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ မူလတန်းအဆင့် ဆေးရောင်စုံ ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်ခြင်းကို ဇန်နဝါရီလ(၃၁)ရက်၊ နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 31,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့ ပြည်သူ့ဆေးရုံတွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကွန်ကရစ်လမ်းခြင်းခြင်း၊ အုတ်တံတိုင်းကာရန်ခြင်းနှင့် ကြွေပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့တို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စိုးနှင့် မြို့နယ်ဆရာဝန်ကြီးတို့က ယနေ့မွန်းလွဲ(၁)နာရီတွင် လှည့်လည် ကြည့်ရှုစစ်ဆေး ကြကြောင်း သိရသည် ။
Jan 31,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စု(၂)စုအား ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁နာရီက အဆိုပါကျေးရွာတွင် ထောက်ပံ့ပေးအပ် ခဲ့သည်။
Jan 31,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစမြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ် ကလေးငယ်များ ပျော်ရွှင်စေရန် ကစားနည်းမျိုးစုံဖြင့် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ၊ ဇန်နဝါရီ(၃၁)ရက်နေ့ နံနက်(၁၀)နာရီက စကားပုံချိတ်ဆက်ပြိုင်ပွဲကို မြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။