Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အုတ်တွင်းမြို့နယ်၊ ဇီးဖြူသောင် (အထက်) ကျေးရွာတွင် လမ်းဖွင့်ပွဲကျင်းပ
Feb 01,2022
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာအုပ်စု၊ ဇီးဖြူသောင် (အထက်)ကျေးရွာ၌ ယနေ့ နံနက် (၉:၃၀) နာရီ အချိန်က ကျေးရွာတွင်း ကျောက်ရောမြေခင်းလမ်းဖွင့်ပွဲကို ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီ၊ တောင်ငူခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုး၊ မြို့နယ်စီမံအဖွဲ့ဝင် (၁) ဗိုလ်မှူးမြင့်ဇော်၊ ဌာနဆိုင်ရာများ၊ ရပ်မိ/ ရပ်ဖများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့တွင် ဈေးနှင့်အိမ်ဆိုင်များ ပုံမှန်ဖွင့်လှစ်ပြီး နာရီစင်လမ်းဆုံနှင့် ရာလ်ဒွန်းဈေးရှေ့တွင် အိမ်ထောင်စု(၁)စုလျှင် ဆန်(၃)ပြည်နှုန်းဝေငှ
Feb 01,2022
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ မြို့မဈေး၊ ရာလ်ဒွန်းဈေးနှင့် အိမ်ဆိုင်များကို ပုံမှန်ဖွင့်လှစ်လျက်ရှိပြီး နာရီစင်လမ်းဆုံနှင့် ရာလ်ဒွန်းဈေးရှေ့၌ နံနက် ၁၀ နာရီတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့က လမ်းသွားလမ်းလာပြည်သူများအား အိမ်ထောင်စု(၁)စုလျှင် ဆန်(၃)ပြည်နှုန်း ဖြင့် ဝေငှပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက်၊အောင်ရတနာလမ်း (ကွန်ကရစ်)လမ်းသစ် ဖွင့်ပွဲကျင်းပ
Feb 01,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက်၊ အောင်ရတနာလမ်း (ကွန်ကရစ်)လမ်းသစ် ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါလမ်းပိုင်း၌ ကျင်းပခဲ့ရာ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်း၀င်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့၌ ဆွမ်းဆန်တော်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကျင်းပ
Feb 01,2022
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘော့မြို့၌ ဆွမ်းဆန်တော်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများအား လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် မချမ်းဘော့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခခန်းမတွင်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်
Feb 01,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်သန့်ရှင်း သာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က နမ္မတူမြို့နယ် မြို့မဈေးအနီးနှင့် သပြေလမ်း၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်၌ ဖေဖေါ်ဝါရီ၁ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မိုင်းခတ်-မိုင်းညှင်းကျောက်ချော လမ်းသစ်ဖွင့်လှစ်…
Feb 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ဖေဖေါ်ဝါရီ၁ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၏ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မိုင်းခတ်-မိုင်းညှင်းလမ်းမြေသားလမ်းချဲ့ထွင်ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်း အခမ်းအနားကို ယနေ့နံနက်၉နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်မြို့တွင် ပျော်ပွဲရွှင်ပွဲ W ဂိုးကျဉ်းပြိုင်ပွဲများ ကျင်းပ
Feb 01,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပျော်ပွဲရွှင်ပွဲ W ဂိုးကျဉ်းပြိုင်ပွဲကို ရန်ကုန်ပြည်ကားလမ်းဘေး မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဘီးလင်းမြို့နယ် ဌာနဆိုင်ရာပေါင်းစုံဖူဆယ်ပြိုင်ပွဲ ကျင်းပ
Feb 01,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ (၇၅) နှစ်မြောက်ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် ဆရာစံရပ်ကွက် တင်းနစ်ကွင်း၌ ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18854
Page
18855
Page
18856
Page
18857
Current page
18858
Page
18859
Page
18860
Page
18861
Page
18862
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department