အုတ်တွင်း ဖေဖော်ဝါရီ ၁
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာအုပ်စု၊ ဇီးဖြူသောင် (အထက်)ကျေးရွာ၌ ယနေ့ နံနက် (၉:၃၀) နာရီ အချိန်က ကျေးရွာတွင်း ကျောက်ရောမြေခင်းလမ်းဖွင့်ပွဲကို ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီ၊ တောင်ငူခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုး၊ မြို့နယ်စီမံအဖွဲ့ဝင် (၁) ဗိုလ်မှူးမြင့်ဇော်၊ ဌာနဆိုင်ရာများ၊ ရပ်မိ/ ရပ်ဖများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်စုနွယ်ဝင်းမှ ကျေးရွာတွင်းလမ်း ဖွင့်လှစ်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ကျေးရွာသူ/ရွာသားများကိုယ်စား ရပ်မိ/ရပ်ဖ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ တောင်ငူခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုးမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ ကျေးရွာတွင်း ကျောက်ရော မြေခင်းခြင်းလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ လမ်းအားကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ လမ်းမှာ အရှည်ပေ ၃၂၅၀ ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)နှင့် ကျေးရွာပြည်သူတို့၏ လုပ်အားဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျေးရွာနေ ပြည်သူများအတွက် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်စေရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အုတ်တွင်း (ပြန်/ဆက်)