ဟားခါးမြို့တွင် ဈေးနှင့်အိမ်ဆိုင်များ ပုံမှန်ဖွင့်လှစ်ပြီး နာရီစင်လမ်းဆုံနှင့် ရာလ်ဒွန်းဈေးရှေ့တွင် အိမ်ထောင်စု(၁)စုလျှင် ဆန်(၃)ပြည်နှုန်းဝေငှ

ဟားခါး ဖေဖော်ဝါရီ 

 

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ မြို့မဈေး၊ ရာလ်ဒွန်းဈေးနှင့် အိမ်ဆိုင်များကို ပုံမှန်ဖွင့်လှစ်လျက်ရှိပြီး နာရီစင်လမ်းဆုံနှင့် ရာလ်ဒွန်းဈေးရှေ့၌ နံနက် ၁၀ နာရီတွင်  ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့က လမ်းသွားလမ်းလာပြည်သူများအား  အိမ်ထောင်စု(၁)စုလျှင် ဆန်(၃)ပြည်နှုန်း ဖြင့် ဝေငှပေးလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG များက နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး ကို ပျက်ပြားစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ Silent Strike (အသံတိတ်သပိတ်)ဆောင်ရွက်ရန် လှုံ့ဆော်ဝါဒဖြန့်မှုများ ဆောင်ရွက်နေသဖြင့် ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ ဇန်နဝါရီလ ၂၇ ရက်နေ့မှစ၍ အကြမ်းဖက်အဖွဲ့များ၏လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများ ပါဝင် ပတ်သက်မှုမရှိစေရန် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်တက်လမ်း