အမြို့မြို့အနယ်နယ်သတင်းများ

Feb 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုစာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက စိန်ရတုပြည်ထောင်စုနေ့အကြို အားကစား ပြိုင်ပွဲ အခမ်းအနားတွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 01,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 01,2022
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်စာရေးဆရာ သမိုင်းပါမောက္ခဒေါက်တာကျော်ဝင်း(ငြိမ်း)၏" ပါတော်မူပြီးစ မြန်မာနိုင်ငံအခြေအနေ"စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က​ပြုလုပ်ခဲ့ကြောင်းသိရသည်။
Feb 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်း ယမန်နေ့က ကိုဗစ်-၁၉ရောဂါ သံသယရှိ ပြည်သူများနှင့် ကျောင်းသား/ ကျောင်သူ(၂၈၀) ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိTest Kit ဖြင့်စစ်ဆေးခဲ့ရာ (၄၉)ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
Feb 01,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ သံပုရာကုန်လမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက အဆိုပါလမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့သည်။
Feb 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် (၈)နာရီအချိန်က အမှတ်(၁၈) ရပ်ကွက်၊ ဦးပုညလမ်း (၃၃၀´× ၁၀´×၀.၆´´) ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
Feb 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၌ မြန်မာ့တပ်မတော် ထောက်ခံပွဲကို ယနေ့နံနက် (၁၁:၀၀) နာရီက အင်္ဂပူမြို့ အားကစားကွင်းစုရပ်မှနေ၍ ချယ်ရီလမ်း (မြောက်)လမ်း၊ကံ့ကော်လမ်းတစ်လျှောက် ငြိမ်းချမ်းစွာ  စီတန်းလှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက် တန်း ကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်  မြို့နယ် အဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉း၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။