Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မန်ကန်မြို့ ပန်ဖိန်းကျေးရွာ အောင်မင်္ဂလာကျောင်းတိုက် သာသနာ့ဝေပုလ္လပရိယတ္တိ စာမေးပွဲ၏ (၈)ကြိမ်မြောက် စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ
Feb 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပန်ဖိန်းကျေးရွာ အောင်မင်္ဂလာကျောင်းတိုက်၏ ဆရာတော်ဘုရား ကြီးမှူးကျင်းပအပ်သော (၈)ကြိမ်မြောက် သာသနာ့ဝေပုလ္လပရိယတ္တိစာမေးပွဲ စာအောင်ဆုနှင်းသဘင် အခမ်းနားကို ယမန်နေ့ နံနက်ပိုင်းက ပန်ဖိန်းကျေးရွာ အောင်မင်္ဂလာကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘောဂလိမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်ချက်များ လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်…
Feb 01,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ကးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့ အတွင်းရှိ မိဘပြည်သူများအား သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့်လည် နှိုးဆော် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Feb 01,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဟောပြောပွဲခန်းမဆောင်၌ ယမန်နေ့ နံနက် ၁၀ နာရီက (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲအား မြို့နယ် အခြေခံပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်(လဝက)ဦးစီးဌာနမှ ကျောက်တလုံးကျေးရွာအုပ်စုအတွင်း ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
Feb 01,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ(လဝက)မှူး ဦးတင့်နိုင်နှင့်ဝန်ထမ်းများသည် လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် တနင်္သာရီမြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စုအတွင်းမှ ကျေးလက်နေပြည်သူများအား မြေမအုံကျေးရွာ( Cyclone Shelter) ခန်းမဆောင်အတွင်း ဇန်နဝါရီလ(၃၀ရက်နှင့်၃၁ရက်) (၂)ရက်တိတိ ကွင်းဆင်းပြုလုပ်ပေးနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မာလကာကုန်း (အရှေ့စု)က…
Feb 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မာလကာကုန်း (အရှေ့စု)ကျေးရွာတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်သွယ်ရေတိုင်စနစ်သွယ်တန်းခြင်းနှင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်ကကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်အတွင်း အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား Silent Strike (အသံတိတ်သပိတ်) တွင်ပါဝင်မှုမရှိစေရေး နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်များအား သိရှိစေရေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့ကျက်သရေဆောင်ခန်းမရှေ့ ပင်လုံလမ်းပေါ်တွင် မြို့တွင်းသွားလာသူများအား ဖြန့်ဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ် ကျော်လေးဆူသမိုင်းဝင်ရွှေယင်မျော်ဘုရားကြီး၌ ဌာနဆိုင်ရာများစုပေါင်း သန့်ရှင်းရေးဆောင်ရွက်
Feb 01,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရွာကြီးကျေးရွာအနီးရှိ ကျော်လေးဆူသမိုင်းဝင် ရွှေယင်မျော်ဘုရားကြီးတွင် ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းစွာဖြင့်ဖူးမျော်နိုင်ရန် ဌာနဆိုင်ရာများစုပေါင်း၍ ယမန်နေ့ နံနက် ၁၁ နာရီက သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့၌ ၂၀၂၁- ၂၀၂၂ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Feb 01,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18849
Page
18850
Page
18851
Page
18852
Current page
18853
Page
18854
Page
18855
Page
18856
Page
18857
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department