တမူး ဖေဖော်ဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်း ယမန်နေ့က ကိုဗစ်-၁၉ရောဂါ သံသယရှိ ပြည်သူများနှင့် ကျောင်းသား/ ကျောင်သူ(၂၈၀) ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိTest Kit ဖြင့်စစ်ဆေးခဲ့ရာ (၄၉)ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ယနေ့နံနက်ပိုင်းက ပြည်သူများနှင့် ကျောင်းသား/သူများကို စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူများအား ပြည်သူ့ဆေးရုံနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း တို့တွင် သီးခြားစောင့်ကြပ် ကုသပေး လျက်ရှိကြောင်း သိရသည်။
တမူးခရိုင်အတွင်း ဇန်နဝါရီလ((၃၁)ရက်နေ့အထိ ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား စောင့်ကြပ်ကုသမှုအနေဖြင့် တမူးမြို့ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံနှင့် အထက(၁)၊ အထက(၂) ကျောင်းတို့တွင်(၂၇၇)ဦး၊ မင်းသာကျေးရွာ တိုက်နယ်ဆေးရုံတွင် (၄၈)ဦးစုစုပေါင်း (၃၂၅)ဦးတို့ကို ဆေးကုသမှုခံယူလျက်ရှိပြီး ၄င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန် လျက်ရှိကြောင်း တမူးခရိုင်ကျန်မာရေး ဦးစီးဌာနမှ သိရသည်။
ကျော်ကြီး