မောင်တော ဇန်နဝါရီ ၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ အသိပညာပေးဟောပြောရာတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ရေးဆွဲပြဌာန်းထားသည့် သက်ကြီးရွယ်အိုးများဆိုင်ရာ ဥပဒေ(၂၀၁၆)ခုနှစ် ပါဝင်သော အကြောင်းအရာများ၊ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသော သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများ၊ လူမှုရေးပင်စင်များ ထောက်ပံ့ပေးနေမှု စသည့် အကြောင်းအရာများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းအုပ် စုစုပေါင်း(၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြရာ သိလိုသည်များကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး