ကျောင်းကုန်း ဖေဖော်ဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက် တန်း ကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မြို့နယ် အဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉း၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲသို့ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက် တန်းကျောင်း၊အထက်တန်းကျောင်း(ခွဲ)နှင့်အလယ်တန်းကျောင်းများမှ Grade 9,Grade 10,Grade 11 ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ စာစီစာကုံးပြိုင်ပွဲသို့(၃၅) ဦးနှင့်ကဗျာ ပြိုင်ပွဲသို့(၂၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ စာစီ စာကုံးခေါင်းစဉ်မှာ" ပင်လုံသန္ဓေတည် ပြည်
ထောင်စုဆီသို့"ဖြစ်ပြီး၊ ကဗျာခေါင်းစဉ်မှာ"ပင်လုံသက်သေ သွေးချင်းမြေ" စသည်တို့ ဖြစ်သည်။ ပြိုင်ပွဲတစ်မျိုးလျှင်ပထမ၊ဒုတိယ၊တတိယနှင့်အထူးဆု(၂)ဆုစီရွေးချယ်ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်