အင်္ဂပူ ဖေဖော်ဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၌ မြန်မာ့တပ်မတော် ထောက်ခံပွဲကို ယနေ့နံနက် (၁၁:၀၀) နာရီက အင်္ဂပူမြို့ အားကစားကွင်းစုရပ်မှနေ၍ ချယ်ရီလမ်း (မြောက်)လမ်း၊ကံ့ကော်လမ်းတစ်လျှောက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ်အားကစားကွင်းတွင် တပ်မတော်ထောက်ခံပွဲတက်ရောက် လာသည့် ပြည်သူများမှ နိုင်ငံတော်သီချင်းအားသံပြိုင်ရွတ်ဆိုကာနိုင်ငံတော်အလံအလေးပြုခြင်း၊ ကျဆုံးလေပြီးသော တပ်မတော်သား ရဲဘော်အပေါင်းအား အလေးပြုခြင်း ဆောင်ရွက်ခဲ့ပြီး ပြည်သူတစ်ဦးက တပ်မတော်ထောက်ခံပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားကာမြန်မာ့တပ်မတော်ထောက်ခံပွဲအား ကြိုဆိုထောက်ခံဆွေးနွေးခဲ့သည်။
အဆိုပါတပ်မတော်ထောက်ခံပွဲသို့မြို့ပေါ်/ရပ်ကွက်များကပြည်သူစုစုပေါင်းအင်အား(၂၅၀)ခန့်မှတက်ရောက်ရောက်ခဲ့ပြီး၊အားကစားကွင်းစုရပ်မှ ချယ်ရီလမ်း (မြောက်)လမ်း၊ ကံ့ကော်လမ်း တစ်လျှောက်တွင် ကြွေးကြော်သံများ ကြွေးကြော်ကြပြီး ငြိမ်းချမ်းစွာ စီတန်း လှည့်လည်၍ ထောက်ခံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)