ဇီးကုန်း ဖေဖော်ဝါရီ ၁
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ သံပုရာကုန်လမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက အဆိုပါလမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့သည်။
ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များက သံပုရာကုန်ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးသက်ပိုင်ဦးက လမ်းနှင့်ပတ်သက်သော အချက်အလက်များအား ရှင်းလင်း တင်ပြပေးခဲ့သည်။ ဆက်လက်၍ ဒေသခံရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သံပုကုန်လမ်းတိုးချဲ့ခြင်းနှင့် ကတ္တရာလမ်းခင်းခြင်းအား (၂၀၂၀-၂၀၂၁)ခု ဘဏ္ဍာရေးနှစ်တွင် မြို့ဦးကျောင်းလမ်းဆုံမှ တောရ ကျောင်းတံတားအထိ အရှည်(၃၂၄၉)ပေ အား အပိုင်း (၁) အနေဖြင့် လည်းကောင်း၊ တောရကျောင်းတံတားမှ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အဆုံး ဘေလီသံဘောင်တံတားအထိ အပိုင်း(၂)အနေဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း၊ မူလလမ်းအကျယ် (၁၀)ပေ မှ ဘေးတစ်ဖက်တစ်ချက်စီ အား (၇) ပေစီ တိုးချဲ့၍ အပိုင်း (၁) (၁၈၂၉ ပေ × ၂၄ ပေ × ၉ လက်မ) အတွက် ခွင့်ပြုငွေကျပ် (၉၈.၄၇၉၈) သန်း ဖြင့်လည်းကောင်း၊ အပိုင်း(၂) (၁၄၂၀ ပေ × ၂၄ ပေ × ၉ လက်မ) အတွက် ခွင့်ပြုငွေကျပ် (၇၆.၄၅) သန်း ဖြင့် လည်းကောင်း၊ ဇီးကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နှင့် သံပုရာကုန် လမ်းမကြီး ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် အုတ်ရေမြောင်းပြုလုပ်ခြင်း လုပ်ငန်း(၃)ခုကိုလည်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
တင့်ဆွေ(ပြန်ဆက်)