အိမ်မဲ ဖေဖော်ဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်စာရေးဆရာ သမိုင်းပါမောက္ခဒေါက်တာကျော်ဝင်း(ငြိမ်း)၏" ပါတော်မူပြီးစ မြန်မာနိုင်ငံအခြေအနေ"စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီအချိန်ကပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလွှမ်းသီဟက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်ပြီးပြန်/ဆက်ဦးစီးမှူးနှင့် Book Club အဖွဲ့ဝင်များက“ ပါတော်မူပြီးစ မြန်မာနိုင်ငံ အခြေအနေ"စာအုပ်မှ တတိယ အင်္ဂလိပ်-မြန်မာ စစ်ကိုဦးတည်စေသောဖြစ်စဉ်များ၊ ဗြိတိသျှတို့သိမ်းပိုက်ပြီးစ မန္တလေးနန်းတွင်းအခြေအနေ ခေါင်းစဉ်များဖြင့်အတွေးအခေါ်၊ထင်မြင်ယူဆချက်များကိုအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဆက်လက်ပြီးအိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ရသ ရရှိစေမည့် စာအုပ်စာစောင် များအားခင်းကျင်းပြသထားရှိရာ Book Club အဖွဲ့ဝင်များက ကြည့်ရှုလေ့လာ ခဲ့ကြကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ)